Loading...

နဖူးပေါ်ကဘုသီးလေးတွေပျောက်စေနိုင်မယ့်နည်း

နဖူးပေါ်ကဘုသီးလေးတွေပျောက်စေနိုင်မယ့်နည်း
အဆီဖုသေးသေးလေးတွေကို အရှင်းပျောက်သွားအောင် ဘယ်လိုလုပ်နိုင်မလဲ

အဆီဖုဆိုတာ ဝက်ခြံလိုမျိုး နာတာမျိုးလည်းမရှိဘူး ၊ အသားရောင် အဖုသေးသေးလေးတွေပဲ ဖြစ်ပါတယ်။ သူတို့ကို Clogged Pores (အဆီဖု)လို့ခေါ်ပါတယ်။ အဆီဖုတွေပေါက်လာရင် တစ်ခုချင်းစီ ပေါက်တာမျိုးထက် တစ်စုတစ်စည်းတည်း ပေါက်တတ်ကြတယ်။ အဆီဖုတွေ အပေါက်များတဲ့နေရာကတော့ နဖူးပဲဖြစ်ပါတယ်

ဘာကြောင့် အဆီဖု ပေါက်ရတာလဲဆိုတော့

မျက် နှာ ပေါ် က အ ဆီ တွေ စု ပြီး ချွေး ပေါက် ပိတ် ဆို့ ရာက နေ အ ဖြူ ရောင်၊ အ သား ရောင် အ ဖု သေး သေး လေးတွေ ပေါက် လာ တတ်ပါ တယ်။ ဒါ တွေ က တော့ Close Comedo လို့ ခေါ် ပြီး ချွေး ပေါက် ပွင့် သွား ကာ အောက် ဆီဂျင် နှင့် ထိ တွေ့ ဓာတ် ပြု ရင် မဲ မဲ လေး ဖြစ် နေ တဲ့ ဆား ဝက် ခြံ အ သွင် ပြောင်း သွား ရင် Open Comedo လို့ ခေါ် ပါ တယ်

ထိရောက်တဲ့နည်းလမ်း

မျက် နှာ ပေါ် အ ဆီ ဖု တွေ၊ ဆား ဝက် ခြံ တွေ ရှိ နေ တာကို ကိုယ့် ကိုယ် ကို ယု့ ကြည်မှုမဲ့ စေ ပါ တယ်။ ဒါ ကြောင့် သူတို့တွေ ကို အ ရှင်း ဖယ် ရှား ပစ် ဖို့ ထိ ရောက် တဲ့ နည်း လမ်း လေး တွေ က တော့ ရေနွေး ငွေ့ နဲ့ ပေါင်း ခံ ပေး ပြီး မျက်နှာ ကို ချေး ချွတ် သန့် စင် ပေး ခြင်း ပဲ ဖြစ် တယ်

ရေနွေးငွေ့ပေါင်းတင်နည်း

ရေ နွေး ကို ဇ လုံ တစ် ခု ထဲထည့် ပြီး ရေ နွေး ငွေ့အ ရမ်း မ ပူ အောင် တော့ စောင့် ပေး ရ ပါ မယ်။ ပြီး ရင် မျက် နှာ ကို ဇ လုံ ပေါ်ကပ် ပြီး ရေ နွေးငွေ့ခံပေးပါ။ မျက်နှာနဲ့ဇလုံဟာ ရေ နွေး ငွေ့ခံ ဖို့ ကွက် တိ မဖြစ်ဘူး ဆို ရင် ရေ နွေး ငွေ့ တွေ အ ပြင် ကို ထွက်သွ သွား နိုင် တယ်။ ဒါ ကြောင့် ရေ နွေး ငွေ့ တွေ အ ပြင် ကို ထွက်မသွား အောင် ခေါင်း ပေါ် ကို ပ ဝါ ပတ် ထား လိုက် ပါ

(၅-၁၀)မိနစ်လောက် မျက်နှာပေါ် ချွေးစို့လာတဲ့အထိ ပေါင်းခံပေးရပါမယ်။ ပေါင်းခံပြီးရင်တော့ မျက်နှာကို ပဝါဖြင့် အသာအယာလေး သုတ်လိုက်ပါ။

မျက်နှာချေးချွတ် သန့်စင်နည်း (၃)မျိုး

(၁) သဘာဝ ရှားစောင်းလက်ပပ်အနှစ်နဲ့ အဆီဖုနေရာတွေကို လိမ်းပေးပြီး အခြောက်ခံထားလိုက်ပါ။ ညလုံးပေါက် လိမ်းပေးတာပိုကောင်းပါတယ်။ မနက်ကျရင်တော့ မျက်နှာသစ်လိုက်ပါ။ ညတိုင်းရှားစောင်းလက်ပပ် အနှစ်ကို လိမ်းအိပ်ပေးပါ။

(၂) ရေနည်းနည်းနဲ့ baking soda တို့ကို အနှစ်ဖြစ်အောင် ပျစ်ပျစ်လေးရောလိုက်ပါ။ လက်ချောင်းလေးနဲ့ ဝက်ခြံနေရာတွေကို လိမ်းပေးပါ။ ဒီအနှစ်ကို လိမ်းပြီးရင်တော့ မျက်နှာပေါ် အကြာကြီးမလိမ်းထားရပါဘူး။ မျက်နှာအသားအရေကို ခြောက်သွားစေနိုင်လို့ပါ။

(၃) သံပယိုသီး ကို အရည်ညှစ်ထုတ်ပြီး ထွက်လာတဲ့ သံပယိုရည်ဖြင့် မျက်နှာပေါ်ကို လိမ်းပေးပါ။ (၁၀)မိနစ်လောက်ထားထားပြီး မျက်နှာသစ်လိုက်ပါ။ တစ်ရက်ကို တစ်ကြိမ်၊ နှစ်ကြိမ်လောက် လုပ်ပေးပါ။

stylecraze
Powered by Blogger.