ပရိသတ်တွေ အားကျရတဲ့ ကြည်နူးဖွယ်ကောင်းတဲ့ အောင်လတို့စုံတွဲလေးကတော့ မကြာခဏဆိုသလို ခရီးတွေထွက်ပြီးတော့ ချစ်သူဘဝကို အပူအပင်ကင်းကင်းနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတာပါ။

အလှူအတန်းဆိုလည်း လက်မနှေးတဲ့ သူတို့ချစ်သူနှစ်ဦးကတော့ မကြာခဏဆိုသလိုလည်း ကုသိုလ်ရေးတွေ အတူလုပ်လေ့ရှိတဲ့ စိတ်တူကိုယ်တူ ချစ်သူနှစ်ဦးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဝိုင်းစုခိုင်သိန်းက ဗုဒ္ဓဘာသာအဖြစ် ခံယူပြီး ကုသိုလ်တွေ လုပ်ဖြစ်နေတဲ့ ချစ်သူ အောင်လရဲ့အကြောင်းကို  ထုတ်ပြောလာတာ တွေ့ရပါတယ်။

ချစ်ပရိသတ်တွေအတွက် ဗုဒ္ဓဘာသာသို့ ယုံယုံကြည်နဲ့ ကူးပြောင်းသွားတဲ့ ချစ်သူအောင်လရဲ့အကြောင်းကို ပြောပြလာတဲ့ ဝိုင်းစုခိုင်သိန်းရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဝိုင်းစုကတော့ ချစ်သူ ဗုဒ္ဓဘာသာ ကိုးကွယ်ဖြစ်တဲ့အကြောင်းကို “သူ ဗုဒ္ဓဘာသာကို ရွေးချယ်လိုက်တာ သူကိုယ်တိုင် သူ့စိတ်နဲ့သူ ရွေးချယ်တာပါ၊ သူကိုယ်တိုင်ယုံကြည်လို့ ကိုးကွယ်တာပေါ့နော် ဘုန်းကြီးဝတ်ဖို့ကလည်း သူကိုယ်တိုင် သူ့စိတ်က ဖြစ်လာတာပဲ။

ဒါပေမယ့် သွားဝတ်ဖို့ မဝတ်ဖို့ တိုင်ပင်ပြီးတော့ ဘယ်အချိန်ဝတ်မယ် ဘာညာကတော့ နှစ်ယောက်တိုင်ပင်တာပေါ့နော်။ ကျန်တဲ့ဟာကတော့ သူ့စိတ်နဲ့သူပါပဲ ဝိုင်းစုတို့ ဘာမှ အတင်းအကြပ်မလုပ်ခိုင်းထားပါဘူး။ ” ဆိုပြီး ပြောပြထားတာပါ။

အဆိုတော် အောင်လနဲ့ ဝိုင်းစုခိုင်သိန်းတို့ ချစ်သူနှစ်ဦးကတော့ ပြီးခဲ့တဲ့ ဧပြီလက သာသနာ့ဘောင်အတွင်းသို့ အတူဝင်ရောက်ခဲ့ကြပါသေးတယ်။

အခုလိုမျိုး စိတ်တူကိုယ်တူရှိလှတဲ့ ချစ်သူကိုပိုင်ဆိုင်ထားတာကြောင့် ဝိုင်းစုကတော့ အရမ်းကိုပျော်နေမှာပါ။ အနုပညာလှုပ်ရှားမှုတွေလည်းဆက်တိုက်လုပ်နေတဲ့ အောင်လတို့စုံတွဲလေးကတော့ တကယ့်ကို ရှေ့သွားနောက်လိုက်ညီတဲ့စုံတွဲလေးဆိုရင်လည်း မမှားပါဘူး။

ချစ်ပရိသတ်တွေလည်း အရမ်းလိုက်ဖက်ညီတဲ့ အောင်လနဲ့ ဝိုင်းစုတို့စုံတွဲလေးကိုချစ်ရင် Share သွားဖို့မမေ့ပါနဲ့နော်။