ပရိသတ်ကြီးရေ မင်းသားချောလေးနေမင်းကတော့ သဘာဝရုပ်ရည်နဲ့ယောကျာ်းပီသတာကြောင့် ပျိုပျိုမေလေးတွေ သည်းသည်းလှုပ်ဝန်းရံခံနေရတဲ့အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။နေမင်းကတော့ အနုပညာအလုပ်တွေကို ဟိုးအရင်ကတည်းကလုပ်ဆောင်ခဲ့တာဖြစ်လို့ သူ့ကိုအားပေးချစ်ခင်ကြတဲ့ ပရိသတ်အခိုင်အမာကိုလည်းရရှိထားပါတယ်နော်။အခုချိန်ထိလည်း အနုပညာအလုပ်တွကို တစိုက်မက်မက်လုပ်ဆောင်နေတာကိုလည်းတွေ့ရပါတယ်။

နေမင်းပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကြီးတွေဟာဆိုရင်လည်း သူ့ရဲ့အပိုအလိုမရှိတဲ့အိုင်တင်တွေအောက်မှာ ပရိသတ်တွေကလိုက်ပါစီးမျောနေရတာဖြစ်ပါတယ်။ရိုးရှင်းစွာနေထိုင်တတ်ပြီး စိတ်သဘောထားမွန်မြတ်တဲ့သူဖြစ်လို့ လူချစ်လူခင်ပေါများတဲ့အပြင် နေမင်းကလည်း မာန်မာနကင်းမဲ့ပြီးဖော်ရွေတတ်တာဖြစ်ပါတယ်။ယနေ့ ၈လပိုင်း ၆ရက်နေ့လေးဟာဆိုရင် မင်းသားချောလေး နေမင်းရဲ့မွေးနေ့လေးပဲဖြစ်ပါတယ်နော်

နေမင်းကတော့ သူရဲ့မွေးနေ့တိုင်းမှာ နှစ်တိုင်းစဉ်ဆက်မပြက် တတ်နိုင်သလောက်ကိုလှူဒါန်းနေတာဖြစ်ပါတယ်။အခုဆိုရင်လည်း နေမင်းက မိသားစုတွေနဲ့အတူ ကရင်ပြည်နယ် မြိုင်ကြီးငူဒေသကို သွားရောက်ပြီး ရပ်သူရပ်သားတွေနဲ့ မွေးနေ့ကိတ်လေးခွဲပြီးပျော်ရွှင်စွာကျင်းပခဲ့သလို တတ်နိုင်သလောက်ကိုလည်း လှူဒါန်းခဲ့တဲ့ ဗီဒီယိုဖိုင်လေးတွေကို ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။