အများသတိမထားမိတဲ့ ခေါင်းအုံးရဲ့ အထူးသတိပြုစရာ ဆိုးကျိုး


Unicode
တနေ့က တပည့်လေးရဲ့အသုဘ သွားပို့ရင်း ဘာရောဂါနဲ့ဆုံးတာလဲ မေးမိတော့ အဆုတ်ထဲမှာ မှိုစွဲတာတဲ့ အဲ့ဒီကနေ ဦးနှောက်အမြေးရောင် ဆက်ဖြစ်တယ်။ ဆေးရုံတက်ရက် ၁၈ရက်မှာ ၃ရက်ပဲ အသိရှိပြီး ကျန်ရက်တွေက အသိလုံးဝ မရှိတော့ပဲ သေဆုံးသွားခဲ့ပါတယ်တဲ့။
ရောဂါအမည်က ထူးဆန်းနေလို့ ဆရာမင်းကျော်ဝင်း ကို မေးကြည့်တော့ အဆုတ်မှိုစွဲတယ်ဆိုတာ ခေါင်းအုံးကနေ ဖြစ်တာပါတဲ့ မိုးတွင်းမှာ ပိုဖြစ်တတ်ပါတယ် ခေါင်းအုံးတွေကို မကြာခန နေထုတ်လှမ်းပေးရပါမယ်တဲ့။
မကြာခန စိုစွတ်နေတတ်တဲ့ ခေါင်းအုံးတွေမှာ မှိုတွေစွဲနေတတ်ပြီး အိပ်ရင်းနဲ့အသက်ရှုမိရာကနေ မှိုတွေပါ ရောရှုမိတတ်လို့ လွယ်လွယ်လေးပေမဲ့ သတိလေးထားပြီး ခေါင်းအုံးတွေကို မကြာခန နေပူပူထဲ ထုတ်လှမ်းပေးပြီး ၆လ တစ်ကြိမ်လောက် အဝတ်လျှာ်ဆိုင် ပို့ပြီး လျှော်သင့်ပါကြောင်းCredit-original
Powered by Blogger.